ကြာအင်းဆိပ်ကြီး ဧပြီ ၂၄

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကြာအင်းဆိပ်ကြီးခရိုင်အတွင်းရှိ ကျေးရွာ ၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကြာအင်းဆိပ်ကြီးခရိုင်အတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာ ၉ ရွာ၌ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သည်။

 

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၆ ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း ၂ ခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ကိုးခုကို (VDP) စီမံကိန်းခွင့်ပြုငွေကျပ် သိန်း ၉၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၅၁ သိန်း စုစုပေါင်း ကျပ် ၁၃၅၁ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာကိုးရွာရှိ အိမ်ခြေ ၁၆၆၈ အိမ်၊ လူဦးရေ ၅၃၃၅ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဘိုဘို