ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က TalkShow ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးနေမှု ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးမှ ပြည်သူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာမှုအား မိဘပြည်သူများနှင့် လူငယ် လူရွယ်များ သိရှိနိုင်စေရေးအတွက် မေးမြန်းဆွေးနွေးကာ အအခြေခံပညာအထက်တန်းကျောင်း ကွမ်ကသောင်ကျေးရွာမှ ကျောင်းအုပ်ဆရာမှကြီး ဒေါ်စန်းစန်းလွင်က ပြန်လည်ဆွေးနွေး ပြောကြားသည်။
၎င်းအမျိုးသားအောင်ပွဲနေ့အကြောင်းအရာနှင့်ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီးက ၁၉၂၀ ပြည့်နှစ်ကတက္ကသိုလ်ပညာသင်ကြားနိုင်ရေးအတွက် ကန့်သတ်ပိတ်ပင်ခြင်း ခွဲခြားသတ်မှတ်ထားသည့် ဗြိတိသျှတို့၏ ပြဌာန်းထားသော ယူနီဗာစတီ အက်ဥပဒေကို ဆန့်ကျင်ဆန္ဒပြသပိတ်မှောက်ခဲ့ကြပုံ ဗြိတိသျှတို့ပြဌာန်းထားသော ကိုလိုနီပညာရေးတက္ကသိုလ်ဥပဒေအား ဆန့်ကျင်သည့် သပိတ်တိုက်ပွဲဖြစ်ကေါ်လာပုံ ကျောင်းသားများ၏ ရှေ့ဦးလှုပ်ရှားမှုများ စသည့်သမိုင်း အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့ စတင်ပြီး ပေါ်ပေါက်လာမှုများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး


