ကြာအင်းဆိပ်ကြီး၊ ၁၀ ‌ဇွန်

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်ဓမ္မာရုံ စာစစ်ဌာန၌ စတုတ္ထနေ့ကို အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ပရိယတ္တိစာသင်တိုက် ကျောင်း (၈)ကျောင်းမှ စာဖြေသံဃာ (၇၄)ပါး စာရင်းပေးသွင်းထားရှိပြီး ယနေ့ကြွရောက် ဖြေဆိုလျက်ရှိသည့် ရဟန်းရှင်သာမဏေမှာ အခြေပြုမူလတန်း၌ (၂၈)ပါး၊ ပထမငယ်တန်းတွင် (၈)ပါး၊ ပထမလတ်တန်းတွင် (၁၃) ပါး၊ ပထမကြီးတန်းတွင် (၆)ပါး၊ စုစုပေါင်း စာဖြေသံဃာ(၅၅)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

အဆိုပါစာစစ်ဌာနတွင် နာယကဆရာတော် (၂)ပါး၊ ထပ်ဆင့်ကြီးကြပ်ရေးနှင့် ကြီးကြပ်ရေး ဆရာတော် (၈)ပါးတို့က ကြီးကြပ်ဆောင်ရွက်တော်မူ၍ အေးချမ်းစွာဖြေဆိုလျက်ရှိပြီး ဇွန် ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦး