ကြာအင်းဆိပ်ကြီး ၆ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဘားအံ (အခြေစိုက်) အမျိုးသမီး အဖွဲ့များ ကွန်ရက် (Women Organization Network)မှ ပြုလုပ်ကျင်းပသည့် ကျား/မရေးရာ အကြမ်းဖက်မှု လျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်းရှိ သက်မွေးပညာသင်တန်းကျောင်း၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဘားအံ(အခြေစိုက်) အမျိုးသမီးအဖွဲ့များကွန်ရက်မှ ဥက္ကဋ္ဌနော်ခရစ္စတီးနားက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီးအဖွဲ့များကွန်ရက်မှ ဥက္ကဋ္ဌ နော်ခရစ္စတီးနား၊ အတွင်းရေးမှူး နန်းတင်ဇာဝင်းနှင့် အဆိုပါ ကွန်ရက်မှ တာဝန်ရှိသူများက ကျား/မ ခွဲခြားခြင်း လိင်ခွဲခြားခြင်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ လူမှုစီးပွားဆိုင်ရာ နည်းပညာဆိုင်ရာ ရိုးရာဓလေ့ဆိုင်ရာ အကြမ်းဖက်ခြင်းများ စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မိမိသိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦးပြန်/ဆက်