ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၉
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ဆက်လက်ကူးစက်ဖြစ်ပွားနေမှု အခြေအနေ အရ ကူးစက်ဖြစ်ပွားနေမှုအား လျော့နည်းပပျောက်သွားစေရေးအတွက် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင် စေရန် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ကော်မတီအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ထိရောက်သော ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမျိုးဟန်က ကြီးကြပ်လျက်ရှိပြီး မြို့တွင်းသို့ဝင်ရောက်လာသည့် ကျေးရွာအုပ်စုရှိကျေးရွာများမှ ဒေသခံပြည်သူများ ခရီးသွားပြည်သူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား အပြင်သို့ သွားလာသည့်အခါ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် မြို့တွင်းလမ်းဆုံနေရာ၌ ရောဂါပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်ရယူစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများကို ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုကုသရေး Center သို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး


