ကြာအင်းဆိပ်ကြီး  ၃၁  ဇူလိုင်

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးသန့်ဇင်မောင်က မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး မျိုးစေ့ထုတ်လုပ်ခြင်း အတွက် မျိုးစပါးစိုက်ပျိုးစရိတ် မျိုးကွဲပယ်ခြင်းမျိုးသန့်စင်ခြင်းလုပ်ငန်းများအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မျိုးစေ့ထုတ်စပါး (၁၄၅)ဧကအတွက် တောင်သူ (၃၇)ဦးအား သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် တာဝန်ရှိသူများက တောင်သူဦးထွန်းကြည်၏ လယ်မြေ၌ SRI စနစ်ဖြင့် စိုက်ပျိုးထားသည့် မနောသုခ မျိုးစေ့ထုတ် (RS to CS) စိုက်ခင်းနှင့် မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်း စိုက်ပျိုးထားသည့် သီဟိုရ်သီးနှံ ရောစိုက်ခင်းသို့ ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦး (ပြန်/ဆက်)