ကြာအင်းဆိပ်ကြီး ၄ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ အမှတ်(၆)ရပ်ကွက်ရှိ မြနိမ့်ပိုင်းလူနေအိမ်များတွင် ရေများဝင်ရောက်လျက်ရှိပြီး ရေဘေးရှောင်စခန်းတွင် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည်။
အဆိုပါရေဘေးရှောင်ပြည်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ဦးဆောင်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါရေဘေးရှောင်ပြည်သူများအား ဗိုလ်တဲတွင် အိမ်ထောင်စု(၃၅)စု၊ ဗညားအောင်ရော်ဘာခြံကုန်းတွင် (၂၆)စုနှင့် ဆွေမျိုးနီးစပ်ရာအိမ်တွင် (၁၅)စု အိမ်ထောင်စုပေါင်း(၇၆)စု လူဦးရေစုစုပေါင်း (၃၃၀)ဦးအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


