ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ဒေသခံမိဘပြည်သူများနှင့် ခရီးသွား မိဘပြည်သူများ အဆင်ပြေစွာ စားသောက်နိုင်ရေးအတွက် ကြာအင်းဆိပ်ကြီးမြို့ Golden Brother အဖွဲ့က ဈေးနှုန်းသင့် ငွေကျပ် ၅၀၀ တန် ဇလုံထမင်းအား ဒီဇင်ဘာ ၁၈ ရက် စနေနေ့ နံနက် ၁၁ နာရီက စတင်ရောင်းချပေးခဲ့သည်။
အဆိုပါ ဈေးနှုန်းသင့် ဇလုံထမင်းကို အမှတ်(၅)ရပ်ကွက် ဇမိရတနာဈေးအရှေ့ စိုက်ပျိုးရေးလမ်းနှင့် ပြည်ထောင်စုလမ်းထိပ်တွင် အပတ်စဉ် စနေနေ့တိုင်း ရောင်းချသွားမည်ဖြစ်ပြီး ဇလုံထမင်း၌ ကြက်သား၊ ဂေါ်ဖီပဲသီးကြော်၊ ဘူးသီးဟင်းခါး၊ ငါးပိရည်တို့စရာများ ပါဝင်ကာ လူမျိုးဘာသာ မရွေး စားသုံးနိုင်ရန် ချက်ပြုတ်ထားသည့်အပြင် ပါဆယ်ဝယ်ယူ သယ်ဆောင်ခွင့်မပြုကြောင်း အဆိုပါ Golden Brother အဖွဲ့ထံမှ သိရသည်။
မျိုးမင်းဦး


