ကြာအင်းဆိပ်ကြီးမြို့၌ သီးနှံပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများအတွက် ပထမအကြိမ် မျိုးစပါးထောက်ပံ့

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၉

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုက် ၁၈ ရက်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းခြင်း၊ ချောင်းရေလျှံခြင်းနှင့် ဇမိမြစ်ရေများလျှံခြင်းတို့ကြောင့် မိုးစပါးသီးနှံ ထိခိုက်ပျက်စီးမှုများအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ပထမအကြိမ် မျိုးစပါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ဧကပေါင်း (၁၅၇၅)ဧက ရေဝင် ရောက်ခဲ့ပြီး ပျက်စီးဧကပေါင်း (၉၄၇)ဧကရှိရာ ပျက်စီးခဲ့သည့်မိုးစပါးများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်စေရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ပထမအကြိမ်အဖြင့် စိုက်ဧက(၃၃၇)ဧကအတွက် ဆင်းသုခမျိုးစပါး (၁၃၀)တင်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

မျိုးမင်းဦး