ကြာအင်းဆိပ်ကြီး ၄ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ အသွင်ပြောင်း ပိုလီယိုပိုးကူးစက်မှုကို ဖြတ်တောက်ရန်ရည်ရွယ်၍ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ဇူလိုင် ၇ ရက်မှစတင်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်(၂)ပတ်ခြား၍ (၃)ကြိမ် ဆက်တိုက် တိုက်ကျွေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုကျေးရွာများ၌ စုရပ်များနှင့် အိမ်တိုင်ရာရောက် ကောက်သင်းကောက်၍ တတိယအကြိမ်အဖြစ် တိုက်ကျွေးလျက်ရှိသည်။
အဆိုပါပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ကြီးကြပ်ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများက အသက် ၅ နှစ်အောက် ကလေးများအားလုံး ပိုလီယိုကာကွယ်ဆေး တိုက်ဖူးသည်ဖြစ်စေ မတိုက်ဖူးသည်ဖြစ်စေ ကလေးတိုင်းကို ဆက်လျက်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)
