ကြာအင်းဆိပ်ကြီး  ၂၃   ဇန်နဝါရီ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ခြေခံပညာကျောင်းများ၌  မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ကလေးငယ်အရွယ်မှစတင်ကာ စိုက်ပျိုးရေး အခြေခံ ကောင်းများကို စိတ်ပါဝင်စားစွာသိရှိ နားလည်လာနိုင်စေရေး ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ခြင်းကို သိရှိနားလည်လာနိုင်စေရေး စိုက်ပျိုးရေး ပညာအခြေခံ ဗဟုသုတကောင်းများသိရှိလာစေရန် သစ်ပင်ပန်းပင်များကို ချစ်ခင်မြတ်နိုးတက် လာစေရန် အာဟာရ  ပြည့်ဝသော ဟင်းသီဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုး စားသုံးနိုင်စေရန်အတွက် ရည်ရွယ်ပြီး အခြေခံပညာကျောင်းများ၌ (School Garden) ကျောင်းဥယါဉ်   ဟင်းသီးဟင်းရွက် စိုက်ခင်းများကို   အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

526

 

အဆိုပါ ကျောင်းဥယျာဉ် ဟင်းသီးဟင်းရွက်စိုက်ခင်း(School Garden)ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (GMSAED)Greater Mekong Sub region Agriculture and Education Development Centre အထောက်အပံ့ဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် အ-မ-က(၃)တံခွန်တိုင်၊ အ-မ-ကဒိုင်လွတ်၊ အ-မ-က ထီဖိုးနိုင်း၊ အ-ထ-က(ခွဲ)ကျုံခဝန်၊ အ-ထ-က ထီးမံထို အခြေခံပညာကျောင်း (၅) ကျောင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွှန့်နှင့် ဝန်ထမ်းများ အဆိုပါ ကျောင်းများမှ ဆရာဆရာမများ ကျောင်းသားကျောင်းသူများမှ ပူးပေါင်းကာ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

63528

 

မျိုးမင်းဦးပြန်/ဆက်

 

6