ကြာအင်းဆိပ်ကြီး  ၂၉  သြဂုတ် 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လပထမအတွင်းမှစတင်ကာ မိုးများ အဆက်မပြတ်ရွာသွန်း၍ မြစ်ချောင်းများ ရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်/ကျေးရွာတို့တွင် မြစ်ရေဖုံးလွှမ်းပြီး ရေဝင်ရောက် နစ်မြုပ် ခဲ့သည့် အများသုံး၊ အိမ်သုံး၊ ကျောင်းသုံး ရေတွင်းများရှိ ညစ်ညမ်းရေများအား ရေစုပ်စက်ဖြင့်စုပ်ထုတ်ပြီး ရေမှုတ်သန့်စင်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အများပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်
ရွက်ပေးလျက်ရှိသည်။

 

မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်လင်းနှင့် ဝန်ထမ်းများက ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ပူးပေါင်းပါဝင်လျှက် ကျေးရွာအတွင်း ရေနစ်မြုပ်သောက်သုံးရေတွင်း စုစုပေါင်း(၂၅)တွင်းအား ရေစုပ်ရေမှုတ်ခြင်းနှင့် ကလိုရင်းဆေးများထည့်ခြင်းကို ကြာအင်းကြီးကျေးရွာ၊ ရွှေဒိုးကျေးရွာ၊ ဘုရားငါးဆူကျေးရွာ၊ ခလယ်ကျေးရွာနှင့် ထိမံထိုကျေးရွာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်