နေပြည်တော်၊ ၂၀ ဒီဇင်ဘာ
ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပြည့်ဖြိုးအောင်၏ ညွှန်ကြားမှုဖြင့် ကြာအင်း ဆိပ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီက သတင်းအရ သံပုရာကျေးရွာ မြစ်ဆိပ်သွားလမ်းပေါ်၌ မော်လမြိုင်မြို့နေ ရှိန်းခန့်အောင်(၂၁) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ နှင့် ငွေစက္ကူရောရာ ငွေကျပ် ၉၀၀,၀၀၀ တို့ကို သိမ်းဆည်းရမိသဖြင့် ရှိန်းခန့်အောင်အား ကြာအင်းဆိပ်ကြီးမြို့မရဲစခန်း မယ(ပ)၄/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)