ကြာအင်းဆိပ်ကြီး ၁၆ ဇွန်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် Grade-4 သင်ရိုးသစ် Online စနစ်ဖြစ် သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများရှိ သင်တန်းခန်းမများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် ထုတ်ပြန် ထားသော စည်းမျဉ်း စည်းကမ်းနှင့်အညီ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေနဲ့ သင်တန်းဆရာများ သင်တန်း သားများအား သင်တန်းခန်းထဲမဝင်ခင် လက်ဆေးဘေစင်တွင် လက်ကိုစနစ်တကျ ဆေးကြောစေခြင်း နှာခေါင်းစည်းများ တပ်ဆင်စေခြင်းဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသင်တန်းကို ကိုဗစ်-၁၉ ကာလအတွင်း လုစုလူဝေးမဖြစ်ဖို့ သင်တန်းခန်းမ အဆင်ပြေ လုံလောက်မှု ရှိစေရေးအတွက် ကြာအင်းဆိပ်ကြီး အ-ထ-က ၊ ကြာအင်းဆိပ်ကြီး တံခွန်တိုင် အ-ထ-က၊ ကြာအင်းဆိပ်ကြီး ကြခတ်ချောင်း အ-ထ-က၊ ဘုရားသုံးဆူမြို့ အ-ထ-က၊ ဘုရားသုံးဆူမြို့ အထ-က ဖားပြကျောင်း၊ ကျိုက်ဒုံမြို့ အ-ထ-က၊ ကြာအင်းဆိပ်ကြီးမြို့ အ-ထ-က(ခွဲ) ကြာအင်းကြီး ကျေးရွာ သင်တန်းဌာန ခြောက်ခုတွင် တစ်ခန်းလျှင် သင်တန်းသား ၂၀ ၊ နည်းပြ နှစ်ဦး၊ ကြီးကြပ် တစ်ဦးဖြင့် သင်တန်းသား ၁၄၀၁ ဦး သင်တန်းနည်းပြ ကြီးကြပ်ရုံးအဖွဲ့ စုစုပေါင်း ၁၆၁၁ ဦးဖြင့် စနစ်တကျ Online စနစ်ဖြင့် Grade-4 သင်ရိုးသစ် သင်တန်းကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမြင့်ထံမှ သိရသည်။
မျိူမင်းဦး(ပြန်/ဆက်)


