ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၁၂)နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၃၀၁ ဦးအား ဆေးထိုးနှံခြင်းကို စုရပ် ခုနစ်ခုဖြင့် ဖွင့်လှစ်ထားပြီး ကြာအင်းဆိပ်ကြီးမြို့ ဇမိခန်းမ၊ အထက သံပုရာကျေးရွာ၊ အထက တံခွန်တိုင်၊ အထက တောင်ပေါက်၊ အထက(ခွဲ)ထီးပေါ့ကလိုးကျေးရွာနှင့် အထက ကျိုက်ဒုံမြို့၊ အထက ဘုရားသုံးဆူမြို့တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး