ကြာအင်းဆိပ်ကြီး  ၄  ဒီဇင်ဘာ

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ UNFAO တို့ ပူးပေါင်း ဆောင်ရွက်သည့် ဒေသခံစိုက်ပျိုးရေး တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာဆွေးနွေးဖလှယ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

 

အဆိုပါနည်းပညာ ဆွေးနွေးဖလှယ်ခြင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွှန့်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း နည်းပညာများ ဆွေးနွေးဖလှယ်ခြင်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ UNFAO မှ ကရင်ပြည်နယ် စီမံကိန်းတာဝန်ခံ ဦးစပြည့်ဖြိုးအောင်က မိမိတို့အဖွဲ့အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

 

ထို့နောက်စိုက်ပျိုးရေး တောင်သူများနှင့် နည်းပညာဆွေးနွေးဖလှယ်ခြင်းကို ဆက်လက်ပြုလုပ်ရာ ပါး (RS-CS) မျိုးစေ့စိုက်ပျိုး ထုတ်လုပ်ခြင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်းသီးနှံတို့ကို (Good Agriculture Practices- GAP) ဖြင့် စိုက်ပျိုးခြင်းနှင့် (Climate Smart Agriculture-CSA) ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်း အပေါ် (Farmer to Farmer) စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ဆွေးနွေးဖလှယ်ခြင်း (Panel Discussion) များကို တာဝန်ရှိသူများနှင့် ကျေးရွာများမှ တက်ရောက်လာကြသည့် တောင်သူ(၁၅)ဦးတို့မှ အလားတူနည်းပညာ ဆွေးနွေးဖလှယ်ခြင်းကို တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာတွင်လည်း စိုက်ပျိုးရေးတောင်သူ (၂၅)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)