ကြာအင်းဆိပ်ကြီး ၃ အောက်တိုဘာ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန (နေပြည်တော်)မှ ကြီးမှူးကျင်းပသည့် Physical Fitness Dance Online Challenge ပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေမှု အခြေအနေအရ Stay Home ကာလအတွင်း ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကျန်းမာနိုင်စေခြင်း Fitness Dance ဝါသနာပါသူများအနေဖြင့် မိမိ၏ Talent ကိုချပြခွင့်ရရှိခြင်း မိမိဝါသနာပါ အားကစားဖြင့် မိမိမြို့နယ်၏ ဂုဏ်ကိုဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်းပြိုင်ပွဲကို သတ်မှတ်ကကွက်ဖြင့် ပွဲစဉ်(၈)ပွဲ စိတ်ကြိုက်ကကွက်ဖြင့် ပွဲစဉ်(၁)ပွဲ စုစုပေါင်းပွဲစဉ်(၉)ပွဲ ပါဝင်ကာ ပွဲစဉ်အလိုက် အောက်တိုဘာ ၁၉ ရက်နေ့မှ စတင်ကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook Group တွင် Post တင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များအနေဖြင့် အသေးစိတ် အချက်အလက်များကို ကြာအင်းဆိပ်ကြီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန Page ကိုလည်းကောင်း Sped Justin Seikkyi CC အား add အပ်ပြီးဖြစ်စေ Messager မှတစ်ဆင့်ဖြစ်စေ မြို့နယ်အားကစားမှူး 09254017542 ဖုန်းနံပါတ်ကိုဖြစ်စေ လိုအပ်သည်များကို မေးမြန်းဆွေးနွေးနိုင်ပြီး ပြိုင်ပွဲဝင်နိုင်စေရေးအတွက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်