ကြာအင်းဆိပ်ကြီး ဇွန် ၇

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး၊ ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်လာစေရေး၊ အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ် ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ ရသ စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ် ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက်ရှိ မြို့မဈေးအတွင်းသို့ ကွင်းဆင်းသွား‌ရောက်ပြီး စာဖတ်စာငှား မိဘပြည်သူများအား မိမိတို့၏ဈေးဆိုင်နှင့် အိမ်အတွင်းမှာပင် အဆင်ပြေစွာဖြင့် မိမိတို့ဖတ်ရှုလေ့လာလိုသည့် သုတ ရသ စာအုပ်စာစောင်များနှင့် ကလေးငယ်များဖတ်ရှုနိုင်‌စေရန် ကာတွန်း ရုပ်ပြစာအုပ်များကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦး