ကြာအင်းဆိပ်ကြီး ၁၀ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ စာသင်ကျောင်းများ ယာယီပိတ်ထားရသည်။
အဆိုပါ ယာယီပိတ်ထားသော စာသင်ကျောင်းများ ရေကြီးနစ်မြုပ်မှုမရှိသော်လည်း လမ်းများရေကျော်နေသဖြင့် ကျောင်းသားကျောင်းသူများ သွားလာရေး အန္တရာယ်ရှိသောကြောင့် ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ဓနုံး ၊ နတ်ချောင်းအလယ်၊ တံခွန်တိုင် ၊ သံပုရာ ၊ ရွှေတောင်ဘို၊ ဆိပ်ကလေး၊ တောင်ဒီး၊ ခလယ်၊ ဝင်းရော်ဆိပ်ကြီး၊ ကြာအင်းရွှေဒိုး ခလယ်ကျေးရွာအုပ်စု (၁၁)အုပ်စုမှ မူလတန်း အလယ်တန်း အထက်တန်းကျောင်း စုစုပေါင်း(၃၄)ကျောင်းအား ယာယီပိတ်ထားရကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


