ကာဂျစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀ ဦးရှိလာ

ဧပြီ

 

ကာဂျစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀ ဦးရှိရာ စုစုပေါင်း ကူးစက်ခံရသူအရေအတွက် ၂၈၀ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ပြောကြားခဲ့သည်။

 

ထပ်မံကူးစက်ခံရသူများအနက် နှစ်ဦးမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mademin Karataev က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

ယခုအချိန်ထိ နိုင်ငံတွင်း ကူးစက်ခံနေရသည့် ဆရာဝန် စုစုပေါင်း ၃၄ ဦး ရှိပြီ ဖြစ်သည်။

 

ကူးစက်ခံရသူ ၁၀ ဦးမှာ အခြေအနေဆိုးရွားနေပြီး ၎င်းတို့အနက် ငါးဦးမှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေရသည်။

 

ကိုဗစ်-၁၉ ကြောင့် လေးဦး သေဆုံးခဲ့သည်။ ၃၀ ဦးမှာ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို