ကာဇစ်စတန်သမ္မတ နာဇာဘေးအိဗ် ရာထူးမှနှုတ်ထွက်

၂၀ မတ်

ကာဇစ်စတန်နိုင်ငံ သမ္မတ နာဆူလတန် နာဇာဘေးအိဗ် သည် နှစ်သုံးဆယ် နီးပါး တာဝန်ထမ်းဆောင်ပြီးနောက် ယမန်နေ့က ၎င်းရာထူးမှ ရုတ်တရက်နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ကာဇစ်စတန်နိုင်ငံ တည်ထောင်သူဖြစ်သော နာဇာဘေးအိဗ် က မိမိ၏ အနာဂတ်လုပ်ငန်းတာဝန်သည်  နိုင်ငံကို ပြောင်းလဲမှုများလုပ်ဆောင်သွားမည့် မျိုးဆက်သစ်ခေါင်းဆောင်များ အာဏာရရှိရန် ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့ ၎င်း၏သမ္မတသက်တမ်း အဆုံးသတ်လက်မှတ် မရေးထိုးမီ  ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

နာဇာဘေးအိဗ် က ယင်းနိုင်ငံ၏လုံခြုံရေးကောင်စီ အကြီးအကဲနှင့် နာအိုတန် ပါတီ ခေါင်းဆောင် အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ အဖွဲ့ဝင်အဖြစ် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ မိမိကျန်ရှိနေသော သမ္မတသက်တမ်းတွင်ပါလီမန် အထက်လွှတ်တော်ဥက္ကဋ္ဌ ကတ်ဆမ် ဂျိုမတ် တိုကရဲဗ် က ခေတ္တ သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း နာဇာဘေးအိဗ် က ထပ်လောင်းပြောကြားခဲ့သည်။

ဘာသာပြန်-မြင့်မြင့်ချို
ကိုးကား-ဆင်ဟွာ