ကားဈေးကွက်အတွင်း ယခုမေလဆန်း၌ ရောင်းလိုအား၊ ဝယ်လိုအား ပိုများလာ

ရန်ကုန် မေ ၃

 

ကားဈေးကွက်၌ ယခုမေလအစပိုင်းတွင် ရောင်းလိုအား၊ ဝယ်လိုအား ပိုများလာကြောင်း မြန်မာ့မော်တော် ယာဉ်ထုတ်လုပ်ရေးနှင့်  ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောကြားသည်။



ကားဈေးကွက်အတွင်း အဝယ်ပြန်ဆင်းလာကြပြီး မေလအစပိုင်းကာလ၌ အရောင်း၊ အဝယ် ခပ်စိပ်စိပ်ပြန်ဖြစ်လာကာ နှစ်စဉ် ဈေးကွက်အနေအထားအရ မေလလယ်၊ လကုန်ပိုင်းတွင် ပိုဖြစ်လာ နိုင်သည်ဟု သုံးသပ်ပြောကြားသည်။

 

င်္ကြန်ပြီးနောက်ပိုင်း လကုန်လောက်အထိကတော့ ပုံမှန်ပဲပေါ့။ လိုတဲ့သူတွေကဝယ်၊ ရောင်းမယ့်သူတွေက ရောင်းနေကြတယ်။ ဝယ်လိုအားလေးတွေလည်း ပိုဆင်းလာတယ်။ ဝုန်းဒိုင်းကြဲ အရောင်းအဝယ်ဖြစ်တာမျိုး မဟုတ်ပေမယ့် အရောင်းအဝယ်ကတော့ ဖြစ်နေပါတယ်။ သင်္ကြန်က ဧပြီလတတိယအပတ်လောက်မှာ ပြီးတာဆိုတော့ အဲဒီဝန်းကျင်က‌နဲ့စာရင် အခု မေလဆန်းမှာ ပိုဖြစ်လာတယ်လို့ ပြောရမှာပါ။ မေလဆန်းလောက်ကနေစပြီး အဝယ်လေးတွေ ဆင်းလာရာကနေ မေလလယ်၊ လကုန်ပိုင်းလောက်ဆိုရင်တော့ ပိုစိပ်လာတာပေါ့။ နှစ်တိုင်းအမြင်နဲ့ ‌ဈေးကွက် အရ ကျန်တဲ့ အမိန့်ကြေညာစာတွေ၊ ကြေညာချက်တွေ၊ ကပ်ရောဂါလိုရောဂါမျိုးတွေ၊ အခြား ကိစ္စရပ်တွေ ထူးထူးခြားခြားအပြောင်းအလဲမရှိရင်တော့ ပုံမှန်လေး‌ကရောင်းကြ၊ ဝယ်ကြတာပေါ့။ အထူးသဖြင့် ကျောင်းဖွင့်ရာသီဆိုရင်အကုန်လုံးပို ရောင်းကြ၊ ဝယ်ကြတော့ ပိုစိပ်လာတာပေါ့”ဟု ယင်းက ဆိုသည်။

 

ထို့အတူ ကျောင်းဖွင့်ရာသီကာလဖြစ်သည့် ဇွန်လပိုင်းတွင်လည်း ကျောင်းကားအသုံးဖို့ရန်ဝယ်ယူကြ၊ ကားပြောင်းကြ အစရှိသဖြင့် ပြင်ကြဆင်ကြ၊ ဝယ်ကြပြီး ဈေးကွက်အတွင် အရောင်းအဝယ် ပိုစိပ်လာကြောင်းလည်း ဦးကျော်စွာထွန်းမြင့်က ပြောကြားသည်။


ဇွန်လလောက်ကျတော့ ကျောင်းဖွင့်တဲ့အချိန်မှာ သုံးဖို့ဝယ်တာတွေ၊ ကားတွေပြောင်းကြတာတွေ အစရှိသဖြင့် ပြင်ကြဆင်ကြ၊ ဝယ်ကြပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ပိုစိပ်လာနိုင်တယ်။ ဒါက နှစ်တိုင်းဖြစ်နေကျ။ ဒီရာသီကျ ဒီလိုပဲသွားနေကြ။ အခုလည်း ကားမရောင်းရတဲ့ အခြေအနေတော့ မရှိဘူး။ အခုလည်း ခပ်စိပ်စိပ်လေးတော့ ရောင်းလာရတာပေါ့။ ရောင်းလာရတဲ့ အကျိုးဆက်နှင့်အတူ ပြန်ဝယ်လာကြတာပေါ့။ အရင်ထက်စာရင်တော့ အရောင်းအဝယ်က ပိုစိပ်လာတယ်လို့ ပြောချင် တာပေါ့” ဟု ၄င်းက ဆိုသည်။

 

လက်ရှိကားဈေးကွက်တွင် အနိမ့်ဆုံး ၃၀၀၊ ၄၀၀ ဝန်းကျင်ကားများမှစ၍ ထောင်ကျော်တန်ကားများ အထိ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

MT