ကာကွယ်ဆေး မထိုးရသေးတာကြောင့် အမေရိကန်အိုးပင်းမှာ ပါဝင်ကစားရဖို့ မသေချာဖြစ်နေတဲ့ ဂျိုကိုဗစ်

ဇူလိုင် ၂၂

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးတာကြောင့် အမေရိကန်   အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ပါဝင်ကစားရဖို့ မသေချာဖြစ်နေတယ်လို့ သိရပါတယ်။


အမေရိကန်  အိုးပင်းတင်းနစ်ပြိုင်ပွဲ စီစဉ်သူတွေကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးတဲ့  ကစား သမားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် မပြုဘူးဆိုတဲ့     အမေရိကန်အစိုးရရဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်တယ် လို့ အတိအလင်းပြောကြားခဲ့ပါတယ်။

ဆားဘီးယား  ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား   ဂျိုကိုဗစ်ဟာ လက်ရှိအချိန်အထိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးဘဲ ယခုနှစ် တင်းနစ်ရာသီ    စတင်ခဲ့ချိန်ကလည်း    ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကာကွယ်ဆေးမထိုးနှံရသေးတာကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ  တင်းနစ် အကျော်အမော်  ဂျိုကိုဗစ်ဟာ   ယခု ဇူလိုင်လအတွင်း ဝင်ဘယ်ဒန်တင်းနစ် ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို  ရယူနိုင် ခဲ့ပြီး   ဂရန်းဆလမ်းတင်းနစ်ချန်ပီယံ ဆုဖလားကို (၂၁)ကြိမ်မြောက်အထိ ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စပိန်တင်းနစ်    အကျော်အမော် ရာဖေးလ်နာဒယ်ဟာ    ဂရန်းဆလမ်း ချန်ပီယံဆုဖလားကို  (၂၂)ကြိမ်အထိ  ရယူ ဆွတ်ခူးထားပြီးဖြစ်တာကြောင့် ဂျိုကိုဗစ် ဟာ    အမျိုးသားတင်းနစ်လောကမှာ    ဂရန်းဆလမ်းတင်းနစ် ဆုဖလားကို ဒုတိယ အများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား လည်းဖြစ်လာခဲ့ပါတယ်။

ဆားဘီးယားတင်းနစ် အကျော်အမော် ဂျိုကိုဗစ်ဟာ  အမေရိကန်အိုးပင်းတင်းနစ် ချန်ပီယံဆုဖလားကို   သုံးကြိမ်ဆွတ်ခူး ထားပြီး ယခုနှစ်ကျင်းပမယ့် အမေရိကန် အိုးပင်းတင်းနစ်ပြိုင်ပွဲကိုတော့ ဩဂုတ် ၂၉ ရက်ကနေ  စက်တင်ဘာ ၁၁ ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။