နေပြည်တော်၊ နိုဝင်ဘာ - ၂၉
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ဝတ်ရွတ်အဖွဲ့ဖြင့် အသံမစဲ မဟာပဌာန်း ကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်၍ သစ္စာပြု ဆုတောင်း ရွတ်ဖတ်ပူဇော် အမျှဝေခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အဆိုပါ အသံမစဲမဟာပဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရန်နှင့် ကပ်ကြီး သုံးပါးဘေးမှ လွတ်မြောက်စေရန် စိတ်စေတနာရည်သန်၍ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း၊ ရေ၊ လေ) ဝတ်ရွတ်အဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်မှ ယနေ့အထိ ၁၁ ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်