ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်  ၂၀  ဇွန်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့က ရတနာတန်းဝင်မဟော်ဂနီပင်အား ဦးဆောင်စိုက်ပျိုး ပေးကြပြီး ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာ အသီးသီးတွင် ပျိုးပင်များအား စိုက်ပျိုးကြသည်။

 

mdn

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၏ ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်မဟော်ဂနီပင် ၁၈၉ ပင်၊ မန်ဂျန်ရှားပင် ၁၂၀ဝ ၊ ပိတောက်ပင် ၁၀၄၀ ၊ ကျွန်း ၂၂၈၁ ပင် ၊ စုစုပေါင်း ပျိုးပင် ၄၇၂၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြရာ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၄၁၇၈၃ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)