mdn

နေပြည်တော် ၁၀  ဖေဖော်ဝါရီ

 

COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များတွင် ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများသည် တနင်္သာရီ  တိုင်းဒေသကြီး ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ ငါးကျဲအင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသရ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သာသနာရေးဆိုင်ရာများနှင့် ပတ်သက်၍ လျှောက်ထားတင်ပြကာ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် အဖွဲ့ဝင်များက ကျောင်းတိုက်ရှိသံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များထံ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

 

သတင်းစဉ်