မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် ယခုရက်သတ္တ ပတ်အတွင်း ဖြစ်ပွားနှုန်းကျဆင်းမှု မရှိသေးသော်လည်း ရောဂါအတက်၊ အကျနှုန်း တန်းနေသည့်သဘောကို တွေ့ရသည်။ ဆေးပညာရှင်များ၏ အဆိုအရ ရောဂါဖြစ်ပွားနှုန်းဂရပ်မျဉ်းသည် အကျဘက်သို့ဆင်းလျှင်သော်လည်းကောင်း၊ တန်း၍နေလျှင်သော်လည်းကောင်း အခြေအနေကောင်း ဖြစ်သည်ဟု ခန့်မှန်းကြသည်။

ယခုရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုတွင် ပိုးတွေ့ လူနာ ၂၁၅၈ ဦးဖြင့် အများဆုံးတွေ့ရှိခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ တစ်ပတ်တာကာလအတွင်း ရောဂါကူးစက်မှုသည် တစ်ထောင်ဝန်းကျင်း တစ်ထောင်အောက်သို့ ကျဆင်းလာသည်ကိုတွေ့ရပြီး အချို့ရက်များတွင် တစ်ထောင်အထက်၊ ထောင့်ငါးရာဘက်သို့ ရံဖန်ရံခါ တက်လာသည်ရှိသဖြင့် ရောဂါဖြစ်ပွားမှု တန်းနေသည့်သဘောဟု ဆိုနိုင်သည်။ သေဆုံးနှုန်းအပိုင်း တွင်မူ ယခုရက်သတ္တပတ်အတွင်း၌ အကျဘက်တွင်မရှိသေးဘဲ မြင့်မားနေဆဲ ဖြစ်သည်။

ထိုသို့ရောဂါပိုးတွေ့ရှိမှု တိုးခြင်း၊ လျော့ခြင်း၊ တန်းခြင်းနှင့် သေဆုံးမှု တိုးခြင်း၊ လျော့ခြင်း၊ တန်းခြင်းတို့သည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထု၏ သတိပြုကာကွယ်စောင့်ရှောက်နေထိုင်မှုရှိ၊ မရှိတို့အပေါ်တွင် အဓိကမူတည်ပေသည်။ ပြည်သူလူထုအနေဖြင့် မိမိတို့ကိုယ်တိုင် သတိပြုကာကွယ်စောင့်ရှောက်နေထိုင်မှု ကောင်းလျှင်ကောင်းသလောက် ရောဂါ - ဖြစ်ပွားသေဆုံးမှု လျော့ကျလာမည်ဖြစ်သည်။ ပြည်သူလူထု သတိမမူပေါ့ပေါ့ဆဆနေထိုင်လျှင် နေထိုင်သလောက် ရောဂါဖြစ်ပွားသေဆုံးမှု တိုးလာမည်ဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကောင်းတစ်ခုသို့ ရောက်လာနိုင်ပြီဟုဆိုသော်လည်း သေဆုံးမှုမကျဆင်းဘဲရှိနေရခြင်းသည် ရောဂါအခံရှိသူများသည် အဓိကအရေးကြီးသောအချက်ဖြစ်ပြီး ရောဂါအခံ ဖြစ်ပွားမှု မြင့်မားလာခြင်းနှင့်ကိုဗစ်ပေါင်းစပ်ပြီး သေဆုံးမှုဖြစ်ပွားခြင်း ၈၀ ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်သည်။ ရောဂါဖြစ်ပွားသေဆုံးမှုကျဆင်းမလာခြင်း တွင် ရောဂါလက္ခဏာမပြသူများ ပြည်သူလူထုအတွင်းရှိနေမှုနှင့် အချို့ရောဂါ လက္ခဏာရှိသည်ဟုသိရပြီးနောက် ဆေးရုံသို့ရောက်လာချိန် နောက်ကျခြင်း သည် အန္တရာယ်ရှိသည့်ဘက်သို့ ရောက်နိုင်သည်။  ထို့ကြောင့် ရောဂါလက္ခဏာရှိသည်ဟု ယူဆလျှင်သော်လည်းကောင်း၊ ရောဂါလက္ခဏာတွေ့ရှိရလျှင်သော်လည်းကောင်း ဆေးရုံသို့ အမြန်ဆုံးပြသ ကုသမှုခံယူကြရန် လိုအပ်ပါသည်။ ဆေးရုံအချို့တွင် ယခင်က အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲများရှိနိုင်သော်လည်း ယခုအခါ ဆေးရုံများ တွင် အဘက်ဘက်က လိုလေသေးမရှိ အစစအရာရာ အဆင်ပြေအောင်ဆောင်ရွက်ပေးထား၍ ဆေးရုံသို့ အမြန်ဆုံးလာရောက်ရန် လိုအပ်သည်။ အဓိကမှာ ရောဂါကူးစက်မှုမခံရရေးအတွက် နှာခေါင်းပါးစပ်စည်းတပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေထိုင်ရန်လိုအပ်ပြီး ပြည်သူများက ယင်းအသိ၊ သတိရှိပါမှ ရောဂါ ဖြစ်ပွားသေဆုံးနှုန်း ကျဆင်းမည်ဖြစ်သည်။

km