ကာလိ၊ ၂၆ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံခြင်းများ အခမဲ့လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာလိမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကျိုင်းလွန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ မိုင်းယိုင်း အခြေခံပညာ မူလတန်းကျောင်း၊ လွိုင်ချို အခြေခံပညာ မူလတန်းကျောင်းတို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျ ဆရာ/ဆရာမများက ကျောင်းသားကျောင်းသူများအား အခမဲ့လက်ခံ ဆောင်ရွက်ပေးသည့်အပြင် နိုင်ငံတော်က ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် Mask ၊ Face Shield တို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)


