ကာလိ  ၂၃  အောက်တိုဘာ  

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချစေရန်နှင့် ရောင်းချထားခြင်းရှိ/မရှိ တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်  ဆိုင်ရှင်များတို့အား ကာလိမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့တာဝန်ရှိသူများတို့က အသိပေး လမ်းညွှန်မှာကြားပေးခဲ့သည်။

 

ထို့အပြင် စက်တင်ဘာ ၂၅  ရက်နေ့မှစ၍ ဆိုင်ထိုင်စားသောက်ခြင်း မပြုတော့သည့် အသိပေးစာအား ပေးပို့ထားပြီးဖြစ်၍ ပါဆယ်စနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦး ထံမှ သိရသည်။

 

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)