ကာလိ  ၁၇   မေ    

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် လွိုင်မွန်းကုမ္ပဏီမှ ပိုးသတ်ဆေးဖျန်းစက် ယာဉ်ငယ်(၂)စီးဖြင့် ကူညီပံ့ပိုးပေးပြီး ယနေ့ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပိုးသတ်ဆေးပက်ဖျန်းခြင်းတွင် ကာလိမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းမကြီး၊ ပြည်သူ့ဆေးရုံ၊ ဘုန်းတော်ကြီးကျောင်းများ၊ မြို့မဈေးပတ်လည်နှင့် ရပ်ကွက်အတွင်းရှိ လမ်းများသို့  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြရာ ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)