ကာလိ ၁၉ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်၊ နံရံကပ်စာစောင်ပြဘုတ်တို့၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက်(၉)နာရီ မှစတင်၍ ပြည်သူများအတွက် သိရှိလိုက်နာနိုင်ရန် အတွက် ခင်းကျင်းပြသပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အများပြည်သူအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်း ဖြစ်ပြီး အဆိုပါ နံရံကပ် စာစောင်များတွင် COVID-19 ရောဂါဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များ၊ နှာခေါင်းစည်း(Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြုံပြုချက်များ၊ နှာချေချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ၊ စနစ်တကျလက်ဆေးနည်း လမ်းညွှန်ချက်များ၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ၊ COVID-19 ဆိုင်ရာဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးရုပ်ပုံများ နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုလည်း စုံလင်စွာ ခင်းကျင်း ပြသထားလျက်ရှိကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)


