ကာလိ ဧပြီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ ကွန်ပန်-ကွန်ခုံး အလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ကာလိမြို့ အမှတ်(၄)ရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
ဆုများပေးအပ်ချီးမြှင့်
ဦးစွာ ဗိုလ်လုပွဲအဖြစ် ကာလိ(FC)(A)အသင်းနှင့် Friend Shit (FC)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာလိ(FC)(A)အသင်းက ခြောက်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ ကွန်ပန်-ကွန်ခုံး အလွတ် တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ကြသည့်အသင်းများနှင့် ပွဲစဉ်တစ်လျှောက် နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားများအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ဝင်းသုအောင်နှင့် တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကြည့်ရှု အားပေး
အဆိုပါ ကွန်ပန်-ကွန်ခုံး အလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲသို့ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ကွန်ဟိန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ကာလိမြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးချစ်ပရိသတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
စည်သူ(ပြန်/ဆက်)


