ကာလိ၊  ၉  ဇန်နဝါရီ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့နယ်ရှိ ကျေးရွာများတွင် တိရစ္ဆာန်လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကာလိမြို့တာဝန်ခံ ဦးစိုင်းမျိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများက  ဟိုပန်အုပ်စုကျေးရွာအတွင်းရှိ ကျေးရွာ ၁၄ ရွာ၌  ဒီဇင်ဘာ ၂၅ ရက်မှ ဇန်နဝါရီ ၈ ရက်အထိ ကျွဲ ကောင်ရေ  ၂၆၀ ၊ နွား  ၅၈ ကောင်၊ ဝက် ၂ ကောင်တို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာများမှ တိရစ္ဆာန်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)

 

mdn