ကာလိ  ၁၂  ဇွန်

 

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အတွက် ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ယနေ့ နံနက် ၉ နာရီတွင် စစ်ဗျူဟာ (အခြေချ)ကွန်ဟိန်းမြို့နယ်မှ ဗျူဟာမှူးက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုကိုယ်စား ရှမ်းပြည်နယ် တောင်ပိုင်း၊ ကာလိမြို့ ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆေးရုံသုံးပစ္စည်းများမှ နှာခေါင်းစည်းSurgical Mask အခု(၆၀၀) ၊ OT GOWN (၈၅) စုံ ၊ BP Puff (၁)ခုနှင့် နားကြပ် (၁) ခုတို့အား ကာလိမြို့ တိုက်နယ်ပြည်သူဆေးရုံအတွက် လှူဒါန်းခဲ့ရာ ဒေါက်တာ စိုင်းလှဦးက လက်ခံရယူခဲ့သည်။

 

ထို့ပြင် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား အာဟာရဖြည့် စားသောက်ဖွယ် ရာများအဖြစ် ရွှေဖီဦးလက်ဖက်ရည် (၅)ထုပ်နှင့် ကြက်ဥ အလုံး ၉၀ တို့ကို  စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်းမြို့နယ်မှ  ဗျူဟာမှူးက လူနာများထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကျော်(ပြန်/ဆက်)