ရမည်းသင်း   ဇွန်  ၃၀ 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျား/မ လူမှုရေးရာ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်းနှင့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းအသိပညာပေးသင်တန်း ကို  ဇွန် ၃၀ ရက် နံနက် (၁၀)နာရီက ရမည်းသင်းခရိုင်လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းတွင် ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးသန်းက ကျား/မ ရေးရာ (Gender) အကြောင်းကို လည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်အိမွန်ခိုင်မှ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကိုလည်းကောင်း၊ ဌာနစိတ်မှူး ဒေါ်ဆုမွန်ဖြိုးက အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကိုလည်းကောင်းအသီးသီး ပရိုဂျက်တာဖြင့် ရှင်းလင်ပြီးသင်တန်းတက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ရမည်းသင်းခရိုင်နှင့် မြို့နယ်အမျိုးသမီးကော်မတီဝင်(၅)ဦး၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှကျောင်းတာဝန်ခံ(၉)ဦးနှင့် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့မှ မိခင်ဝိုင်းတာဝန်ခံ(၁၈)ဦး စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်၊ရမည်းသင်း