ရမည်းသင်း  ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျား/မ လူမှု‌ရေးရာ၊အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ကုလသမဂ္ဂကွန်းဗင်းရှင်းနှင့်အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းအသိပညာပေးသင်တန်းကို  ဇွန် ၃၀ ရက် နံနက် (၁၀)နာရီက ရမည်းသင်းခရိုင်လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းတွင် ရမည်းသင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးသန်းမှ ကျား/မ ရေးရာ (Gender)အကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်အိမွန်ခိုင်မှ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကိုလည်းကောင်း၊ ဌာနစိတ်မှူး ဒေါ်ဆုမွန်ဖြိုးမှ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကိုလည်းကောင်းအသီးသီး ပရိုဂျက်တာဖြင့်ရှင်းလင်ပြီး သင်တန်းတက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရမည်းသင်းခရိုင်နှင့် မြို့နယ်အမျိုးသမီးကော်မတီဝင်(၅)ဦး၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ ကျောင်းတာဝန်ခံ(၉)ဦးနှင့် ရမည်းသင်းမြို့နယ်၊ပျော်ဘွယ်မြို့နယ်တို့မှ မိခင်ဝိုင်းတာဝန်ခံ(၁၈)ဦးစုစုပေါင်း(၃၂)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်၊ရမည်းသင်း