လွိုင်ကော် ၁၉  နိုဝင်ဘာ

 

ကယားပြည်နယ်ရဲတပ်ဖွဲ့၊ UNICEF, UNFPA, UNODC, UN WOMEN တို့ပူးပေါင်း၍ ကျား/မ အခြေပြု VIOLENCE အမှုများကိုနားလည်သိရှိနိုင်ရန်နှင့် မည်သည့်အကြောင်များကြောင့် ဖြစ်ပွားသည်ကို သိရှိရန်၊ ကျားမဆိုင်ရာ GENDER အချက်အလက်များကို ရှင်းလင်းပြတ်သားစွာ သိရှိရန်၊ လိင်နှင့်အတူ ကွဲပြားကြောင်းသိရှိရန်၊ မြန်မာ့ဥပဒေနှင့်ရဲကျင့်ဝတ်ကို လေ့လာသုံးသပ်ပြီး ကျားမ အခြေပြု VIOLENCE အမှုများတွင် မည်သို့ သက်ရောက်ကြောင်းရှင်းလင်းနိုင်ရန်၊ ကျင့်ဝတ် လိုက်နာပြီး တတ်ကျွမ်းမှုရှိသော ရဲလုပ်ငန်းက မိမိ၏အလုပ်ကို မည်သို့မြှင့်တင်နိုင်ကြောင်း ရှင်းလင်းစွာ သိရှိရန်၊ GBV အမှုများ စုံစမ်းစစ်ဆေး ရာတွင် အဓိကကျသော အယူအဆများကို သုံးသပ်ပြီး အထောက်အထား စုဆောင်းခြင်းနှင့် ပြုကျင့်ခံစားရ သူများကို မေးမြန်းခြင်း အစရှိသည့် အကြောင်းအရာများကို မိတ်ဆက်ပေးရန် စသည့် ရည်ရွယ်ချက် ၅ ချက်ဖြင့် ကျား/မ အခြေပြု အကြမ်းဖက်မှု (Gender based violence) နှင့်စပ်လျဉ်း၍ ကောင်းမွန်မှန်ကန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခြုံငုံသုံးသပ်လေ့လာခြင်း သဘောထားအမြင်နှင့် ကျွမ်းကျင်မှု ရှိစေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အား နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်ရှိ ကယားပြည်နယ်ရဲတပ်ဖွဲ့ ၊ ကန္ဒရဝတီခန်းမ ၌ ပြုလုပ်ရာ ပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေ ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး ( UNODC ) ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုးမြိုင်၊ UNFPA မှ ရဲမှူးကြီး (ငြိမ်း) ဒေါ်ဥမ္မာရင်မီ ၊ သင်တန်းသား၊သင်တန်းသူ ၁၀ဝ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေ မှ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ က ခေတ်နှင့်အညီ လူ့အခွင့်အရေး အား အလေးထား၍ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး လမ်းညွန်ပေးနိုင်မဲ့ အစီအစဉ် တစ်ရပ် ဖြစ်မယ်လို့ ယူဆမိတယ်။ Gender နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်းရာမှာ လိမ္မာ ပါးနှပ်စွာနဲ့ ကိုင်တွယ်ဖြေရှင်းရမည့်အပြင် ကျားမအခြေခံအချက်များကို လိုက်နာကျင့်သုံးရမဲ့ သိမှတ်ဖွယ်ရာတွေ ၊ မှတ်သားထာရမဲ့အချက်တွေကို လုပ်ငန်းခွင်အတွင်း သတိရှိစွာ ကိုင်တွယ် ဖြေရှင်းနိုင်မှသာ ပြည်သူကို ကူညီဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့အသွင်နဲ့ ခောတ်နဲ့လျော်ညီအောင် ရပ်တည်နိုင်မှာဖြစ်တယ်။ ကျားမတန်းတူရှိရေးအတွက် လူ့အခွင့်အရေးကို အဓိက ဖော်ညွန်းထားရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီမိုကရေစီရဲလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ အမျိုးသား/အမျိုးသမီး တန်းတူရည်တူရှိမှသာ အောင်မြင်မှုရရှိမှာဖြစ်ပြီး နိုင်ငံတဝှမ်း တည်ငြိမ် အေးချမ်းရေးနဲ့ နိုင်ငံသားတွေ ဘေးကင်းလုံခြုံမှု ရရှိရေးအတွက် အများသဘောဆန္ဒနဲ့ အညီဆောင်ရွက်မှု ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံသားတို့ရဲ့လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်မှုနဲ့ သာတူညီမျှရှိမှု အစရှိတဲ့အချက်တွေဟာ ဒီမိုကရေစီရဲ့အနှစ်သာရတွေ ဖြစ်တဲ့အတွက် GENDER ကိစ္စကို အရေးပါတဲ့ ကဏ္ဍတစ်ရပ် အဖြစ်ခဲယူထားရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ လုဦးရေ ၅၅ သန်းကျော်ရှိတဲ့ အနက် အမျိုးသမီးဦးရေဟာ ၄၉.၃ ရာခိုင်နှုန်းရှိပြီးကလေးသူငယ်ဦးရေမှာ၂၇.၅ ရာခိုင်နှုန်းရှိပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် ၂၂-၇-၁၉၉၇ ရက်နေ့မှာအမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (Gender Equality and convention on the Elimination of all form of Disceimination against Women-CEDAW) အား လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခြင်း၊ ၂၁-၁၁-၂၀၁၅ ရက်နေ့မှာ အမျိုးသမီးများနဲ့ ကလေးသူငယ်များ အပေါ် လူကုန်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ASEAN convention against trafficking in persons, Especially Women and Chindren-ACTIP)ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး (၆-၁-၂၀၁၇) ရက်နေ့မှာ အာဆီယံ (၁၀)နိုင်ငံအတွင်း စတုတ္ထမြောက်နိုင်ငံအဖြစ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်ဟု အမှာစကားပြောကြားပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး ( UNODC ) ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးမြိုင် က အဖွင့်အမှာစကား ဆက်လက်ပြောကြားသည်။

 

ထို့နောက် သင်တန်းဆရာများနှင့် သင်တန်းသားများမိတ်ဆက်ပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့သည်။ အခမ်းအနားအပြီးတွင် သင်တန်းဆရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး ( UNODC ) ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးမြိုင် က Gender based violence သင်ခန်းစာကို ရှင်းလင်းသင်ပြပြီး သင်တန်းသားသင်တန်းသူများအား Gender based violence နဲ့ပတ်သက်၍ မေးဖြေများ ဆောင်ရွက်ကာ သရုပ်ပြဗီဒီယို ပြသခဲ့ပြီး သင်တန်းဆရာမ UNFPA မှ ရဲမှူးကြီး (ငြိမ်း) ဒေါ်ဥမ္မာရင်မီ က GBV ကိုတုံ့ပြန်ခြင်း ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍကိုမိတ်ဆက်ခြင်း သင်ခန်းစာကို သင်ခန်းစာကိုရှင်းလင်းသင်ပြပြီး သင်တန်းသား သင်တန်းသူများအား GBV ကိုတုံ့ပြန်ခြင်းရဲတပ်ဖွဲ့၏အခန်းကဏ္ဍကိုမိတ်ဆက်ခြင်း သင်ခန်းစာနဲ့ပတ်သက်၍ မေးဖြေများ ဆောင်ရွက်ခဲ့သည်။ ထိုသို့သင်ပြဆွေးနွေးရာတွင် အဖွဲ့ (၁၀)ဖွဲ့ခွဲ၍ဆွေးနွေးခဲ့သည်။

 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား ( ၁၈-၁၁-၂၀၁၉ ရက်နေ့မှ (၁၉-၁၁-၂၀၁၉)ရက်နေ့ထိ (၂)ရက်ဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ (၄)နာရီထိ ဆွေးနွေးခဲ့ကြသည်။

 

ကိုစိုင်း (လွိုင်ကော်)