ကာမိုင်း   ၁၉   ဖေဖော်ဝါရီ    

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ဆိုင်းဖရာကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့သော နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၁၈)ရက်နေ့ နံနက် (၁၀) နာရီခွဲက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဖားကန့်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖုန်ဂရိန်၊ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးခေါ်ဒေါန်ဖုန်ဆာရ်း၊ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ ကျောင်းကော်မတီအဖွဲ့ဝင် ဦးဘရန်ဆိုင်းနှင့် ဦးအင်ဘရန့်ဂျာဝေါမ်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

85

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခေါ်ဒေါန်ဖုန်ဆာရ်းက ကျောင်းဆောင်သစ်ကြီး၌ ဆရာ ဆရာများအနေဖြင့် အနာဂတ်တွင်ထူးချွန်ထက်မြက်သည့် ကျောင်သားကျောင်းသူများအား ပေါ်ထွက် လာစေရေးအတွက် မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအား ပျက်စီးဆုံရှုံးမှုမရှိရလေအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ၎င်းကျောင်းဆောင်သစ်ကြီးအား ပျက်စီးဆုံးရှုံးမှုများရှိလာ ပါက ကျောင်းသားမိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ စေတနာအလှူရှင်များက ဝိုင်းဝန်းကူညီထိန်းသိမ်းသွားကြရန် လိုအပ် ကြောင်းပြောကြားသည်။

 

ဆက်လက်၍ ၎င်းကျောင်းဆောင်သစ်ကြီးအား ကပ်မော်ဇွပ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးဂမ်မော် အောင်က ကျောင်းဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယပညာရေးမှူးတို့ကလက်ခံရယူကြပြီး၊ ကျောင်းအကျိုးတော်ဆောင် ဦးဆနိုင်လင်းက ကျောင်းဆောင်သစ်ဆောက်လုပ်ပြီး လွှဲပြောင်းပေးအပ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

41

 

ထို့နောက် အဆိုပါကျောင်းဆောင်သစ်အား ကျောင်းအကျိုးတော်ဆောင်များ၊ ဒေသခံအလှူရှင် များစုပေါင်းပြီး အလျားပေ (၁၀ဝ)၊ အနံပေ (၃၀)နှင့် အမြင့်ပေ(၂၂)ရှိ အုတ်ညှပ်ပျဉ်ခင်း(၂)ထပ်ဆောင် အမျိုးအစားဖြစ်ပြီး ကာလတန်ဖိုးငွေကျပ် သိန်း(၇၅၀)ဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)