ကာမိုင်း ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မ(၃)ရပ်ကွက်၌ တည်ထား ကိုးကွယ်လျက်ရှိသော ကောင်းမြတ်ချမ်းသာ ဆုတောင်းပြည့် မြို့ဦးစေတီတော်တွင် ရပ်တော်မူ ရုပ်ပွားတော်မြတ်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းကက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧည့်ပရိသတ်အပေါင်းတို့က ဩကာသ ကန်တော့ကျိုးဖြင့် ဘုရားကန်တော့၍ ငါးပါးသီလ ခံယူကာ မြို့မကျောင်းထိုင် ဆရာတော်က မြေနေရာအား ကမ္မဝါညှပ်ပြီး မေတ္တာသုတ် ရွတ်ဆိုပူဇော်ကာ လှူဒါန်းမှုအစုစုအတွက် ဆုတောင်းအမျှဝေသည်။
ဆက်လက်၍ ရပ်တော်မူရုပ်ပွားတော်မြတ်၏ မြေနေရာအား ကာမိုင်းမြို့ရှိ ဆရာတော် သံဃာတော်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပန္နက်ရိုက်ခြင်း မင်္ဂလာပြုကြပြီး အမွေးနံ့သာရေများပက်ဖျန်းကြသည်။
အဆိုပါ ရုပ်ပွားတော်မြတ်မှာ အနံ ၁၅ ပေနှင့် အောက်ခြေ ၃ ပေ စုစုပေါင်း ၁၈ ပေရှိကာ ရပ်ဝေးရပ်နီး စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်းငွေဖြင့် တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)