နေပြည်တော်၊ ၂၄ ဒီဇင်ဘာ

 

ဒီဇင်ဘာ (၂၄) ရက် ည ၇ နာရီ ၁၇ မိနစ်ခန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၄)မိုင် ခန့်ကွာဝေးသော ကာမိုင်းမြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့် အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း သိရသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန