ကာမိုင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်

နေပြည်တော် ၁၂ ဩဂုတ်

ယနေ့မွန်းလွဲ ၂ နာရီ ၇ မိနစ်တွင် ကာမိုင်း၏ အရှေ့မြောက်ဘက် (၃၂)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.ဝ၄) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

MDN