ကာမိုင်း ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ ပြည်သူ့အားကစားကွင်းနှင့် အထက မြစိမ်းရောင်ခန်းမတို့၌ ကျောင်းသား လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ကျား/မ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်၊ လွန်ဆွဲ၊ ထုပ်ဆီးတိုး၊ ကျပန်းစကားပြော၊ စာစီစာကုံး၊ အာလူးကောက်၊ ပူဖောင်းဖောက်၊ ဖားခုန်၊ မုန့်စား၊ ပန်းကန်ပြားရွက်၊ ဖယောင်းတိုင်မီးထွန်း လမ်းလျှောက်ပြိုင်ပွဲ စသည့် အားကစားနည်း ၁၂ မျိုးကို ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)