ကာမိုင်း   ၁၈    ဧပြီ   

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ဒေသခံပြည်သူများအား အမှတ်(၃၃၂)နည်းဗျူ ဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၈ နာရီတွင် ဆေးကုသဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆေးကုသမှုဆောင်ရွက်ပေးရာတွင် ဆီးချိုရောဂါ၊ သွေးတိုး၊ ရေယုံ၊ ဆီးလမ်းကြောင်း ပိုးဝင်နှင့် အထွေထွေ စသည့်ရောဂါများကို ကာမိုင်းမြို့ အမှတ် (၃၃၂)နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့မှ ဆေးတပ်စုမှူးဗိုလ်ကြီးနေလင်းဦး ဦးဆောင်သောအဖွဲ့ဝင်(၄)ဦးက ဒေသခံပြည်သူများအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာများဟောပြောပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များနှင့် တစ်ခါသုံး Mask များ ဖြန့်ဝေပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဆိုပါအဖွဲ့ဝင်(၄)ဦးမှ စမ်းသပ် စစ်ဆေးကုသပေးခဲ့သည့်လူနာများ၌ ဆီးချို(၅)ဦး၊ သွေးတိုး(၉)ဦး၊ ရေယုံ(၁)ဦး၊ ဆီးလမ်းကြောင်းပိုး ဝင်(၁)ဦးနှင့် အထွေထွေရောဂါ(၁၀)ဦး စုစုပေါင်းလူနာ(၂၆)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)