ကာမိုင်း ၂၄ စက်တင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် အဆိုပါကျောင်း မြစိမ်းရောင် ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ကာမိုင်းမြို့၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြတ်အောင်က မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရမည့် နည်းစနစ်များ၊ မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရမည့်ဌာနများနှင့် ဖုန်းနံပါတ်များ၊ အခြေခံမီး ငြှိမ်းသတ်နည်းသဘောတရားများနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံနည်းများကို အသိပညာပေးပြုလုပ်ခဲ့သည်။
ထို့နောက် ကျောင်းခန်းမပြင်ပ၌ မီးသတ်ဆေးဗူးများအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား သရုပ်ပြသခြင်းနှင့် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်တွေ့ သရုပ်ပြသခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင် (ကာမိုင်း)


