ကာမိုင်း   ၅   အောက်တိုဘာ    

 

ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွင်း မိုးတွင်းကာလပျက်စီးသွားသော ကတ္တရာလမ်းမျက်နှာပြင် အပေါက်ဖာခြင်းလုပ်ငန်းကို အောက်တိုဘာ ၃ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းပြုပြင်ဆောင်ရွက်ခြင်းကို မြို့လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပြည်နယ် ရန်ပုံငွေဖြင့် လဝါး-ကာမိုင်း-လုံးခင်း-ဖားကန့်သွား ကားလမ်းပေါ်ရှိ ကာမိုင်းမြို့အတွင်း မိန်းလမ်းမကြီးပေါ်၌ မိုးတွင်းကာလပျက်စီးသွားသော ယခင်ကတ္တရာလမ်းဟောင်းအား ကတ္တရာမျက်နှာပြင် အပေါက်ဖာခြင်းဖြင့် ပြည်သူများချောမွေ့စွာ သွားလာနိုင်ရန်အတွက် လမ်းများ ပြန်လည် ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။

 

ဇွဲသူရအောင် (ကာမိုင်း)