ဂန့်ဂေါ ၁၁ ဒီဇင်ဘာ
ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်၊ စာရင်းကောက် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီခွဲတွင်ပြုလုပ်ရာ ဂန့်ဂေါခရိုင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်း ဂန့်ဂေါခရိုင် စာရင်းစစ်၊ စာရင်းကောက်ယူ ရေးကော်မတီ ဒုတိယ ဥက္ကဌ ဒုတိယခ ရိုင်အုပ်ချုပ်ရေးမှူး ဦမောင်မောင်နိုင်က အမှာစကား ပြောကြားပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းပပလွင် က ဝန်ကြီးဌာနမှ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေများ၊ ခရိုင်အတွင်းကောက်ယူမည့် အခြေ အနေများကို ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြား ထားသူများတက်ရောက်ကြ၍ သင်တန်းသို့ ခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်မှ ၁၄ ဦး၊ ထီးလင်းမြို့နယ်မှ ၆ ဦး၊ ဆော မြို့နယ်မှ ၆ ဦးတို့ တက်ရောက်ကြကာ သင်တန်းကာလမှာ ၁၀ ရက်ဖြစ်သည်။

သင်တန်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူမှုစီးပွါးရေးဆိုင် ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန် ၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ် လေ့လာသုတေသန ပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Myanmar Sustainable Development Plan – (MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော ညွှန်းကိန်းများ ရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း