လန်ဒန် ၁၁ စက်တင်ဘာ

တစ်ပတ်အတွင်း ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရေးတောင်းဆိုရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကြိုးပမ်းမှုကို ဗြိတိန်လွှတ်တော်အမတ်များက  ပယ်ချခဲ့ကြောင်း သိရသည်။

ဘောရစ်ဂျွန်ဆင်သည်  ကြားဖြတ် ရွေးကောက်ပွဲကျင်းပရန်          အဆိုကို စက်တင်ဘာ  ၉  ရက်    နှောင်းပိုင်းတွင် တင်သွင်းခဲ့သည်။ သို့သော် ၄င်း၏အဆိုပြုချက်မှာ အောက်လွှတ်တော်၌ ထောက်ခံမဲ    သုံးပုံနှစ်ပုံကို    မရရှိခဲ့ပေ။

ပါလီမန် လွှတ်တော်အမတ် အများစုမှာ မဲပေးခဲ့ကြ ခြင်းမရှိကြောင်း သိရသည်။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည်  စီစဉ်ထားသည့်အတိုင်း  လာမည့်အောက်တိုဘာ   ၃၁ ရက်တွင်  ဗြိတိန်ဥရောပသမဂ္ဂမှ  နုတ်ထွက်ရန်နှင့်  ပါလီမန်လွှတ်တော်၌ သောင်မတင်ရေမကျဖြစ်နေသည့် အနေ အထားကို ဖြိုခွင်းရန်အတွက် ကြားဖြတ် ရွေးကောက်ပွဲကို အောက်တိုဘာလ လယ်လောက်တွင် ကျင်းပရန် ဆန္ဒရှိနေသည်။

ထို့အတူ  အောက်တိုဘာ  ၃၁  ရက်တွင်   ဥရောပသမဂ္ဂမှ   ဗြိတိန်နုတ်ထွက်ရာတွင်        သဘောတူညီချက်မယူဘဲ နုတ်ထွက်ရန်  ပြင်ဆင်နေသည့်  ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်၏  ဆောင်ရွက်မှု များကိုပိတ်ပင်ရန်        ကြိုးပမ်းနေသည့် လွှတ်တော်အမတ်များ၏  ဆောင်ရွက်ချက်များကို    ဗြိတိန်ဘုရင်မကြီး    အဲလီဇဘတ်က ယမန်နေ့က ထောက်ခံအတည် ပြုလိုက်ကြောင်း သတင်းရရှိသည်။

သဘောတူညီချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဥရောပသမဂ္ဂမှ ခွဲထွက်ရေး   ဆက်လက်  ဆောင်ရွက်နေသည့် ဝန်ကြီးချုပ်    ဂျွန်ဆင်၏    ကြိုးပမ်းမှုများကို    ဗြိတိန်ပါလီမန်တွင်      ပြီးခဲ့သည့် သီတင်းပတ်က  ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် ယခုလို ဘုရင်မဘက်က နန်းတော်ကျင့်ဝတ်အာဏာနှင့် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မဲခွဲဆုံးဖြတ်မှု      အောင်မြင်ခဲ့ခြင်း  မရှိသော်လည်း        ဘောရစ်ဂျွန်ဆင်က ၄င်းအနေဖြင့် သဘောတူညီမှုရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ဆုံးသတ်မှတ် ထားသည့်အချိန်အတိုင်း  နုတ်ထွက်နိုင် ရန် ရည်မှန်းထားကြောင်း  ပြောခဲ့သည်။ ၄င်း၏  အစိုးရအဖွဲ့က     ဥရောပသမဂ္ဂ နှင့်      သဘောတူညီမှုရရှိရေး   ညှိနှိုင်းဆွေးနွေးရန်    လုပ်ဆောင်နေပြီး    ထိုသို့ လုပ်ဆောင်နေမှုက ဗြိတိန်၏နုတ်ထွက်မှုကို    နောက်ထပ်နှောင့်နှေးမှုဖြစ်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ      ကျင်းပမည့်အစီအစဉ်ကို လွှတ်တော်အမတ်အချို့က ကန့်ကွက်ခဲ့ရာမှ ပါလီမန်ကို တစ်လခန့် ကြာအောင်  ရပ်နားမည့်  အစီအစဉ်ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်ပေါ်လာမှုအတွက် အတိုက်အခံအလုပ်သမားပါတီခေါင်းဆောင် ဂျရယ်မီကော်ဗျန်က ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို အပြစ်တင်ခဲ့သည်။   

အင်န်အိတ်ချ်ကေ