ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲတွင် လက်စတာစီးတီးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် မန်စီးတီး အနိုင်ရ

ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး လက်စတာ စီးတီးအသင်းနှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်တွင် မန်စီးတီးက လက်စတာစီးတီးကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

ကွာတားဖိုင်နယ်အဆင့်မှာ ပရီမီယာလိဂ်ကလပ်အသင်း နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုနှင့်အတူ ပြိုင်ပွဲမှာ ပွဲကောင်း တစ်ပွဲဖြစ်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၁၄ မိနစ်တွင် မန်စီးတီးအသင်းမှ ဒီဘရိုင်းက ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်း  ပွဲချိန် ၇၃ မိနစ်မှာ လက်စတာစီးတီးအသင်း ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၉၀ အထိ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှ လက်စတာ စီးတီးအသင်းကို မန်စီးတီး အသင်းက နှစ်ဂိုး၊ လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြား ပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့ အသင်းနှင့် ဘာတန်အယ်ဘီယွန် အသင်းတို့၏ ပွဲစဉ်တွင် ဘာတန်အယ်ဘီယွန် အသင်းက မယ်ဒယ်ဘရော့ အသင်းကို တစ်ဂိုး - ဂိုးမရှိနှင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်ခဲ့သည်။ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်(ဒုတိယနေ့)ပွဲစဉ်အဖြစ် အာဆင်နယ်နှင့် စပါး၊ ချယ်လ်ဆီးနှင့် ဘုန်းမောက်တို့ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ 

 

MDN