၂၅  ဖေဖော်ဝါရီ

 

ကာဘာဘောင်းဖလားဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့ညက မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်စီးတီးအသင်းက ပယ်နယ်တီ  အဆုံးအဖြတ်ဖြင့် ချယ်လ်ဆီးကို အနိုင်ရရှိကာ ကာရာဘောင်းဖလားကို ၆ ကြိမ် မြောက် ကိုင်မြှောက်သွားနိုင်ခဲ့သည်။ မန်စီးတီးနှင့်ချယ်လ်ဆီးတို့ဟာ သာမန်ပွဲကစားချိန် မိနစ် ၁၂၀ အထိ သရေကျ နေခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းကြရာ လေးဂိုး-သုံးဂိုးဖြင့် မန်စီးတီးအသင်းတို့ အနိုင်ရရှိခဲ့ဖြစ်ပြီး ယခုဖလားပြိုင်ပွဲ သက်တမ်းတစ်လျှောက် ဒုတိယ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့သည်။

 

11

 

မန်စီးအသင်းဟာ ပွဲစကတည်းက သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ဆင်မှုတွေဖြင့် ပြိုင်ပွဲကို စတင်လာခဲ့ပြီး ချယ်လ်ဆီးကတော့ ဟာဇက်ရဲ့ တန်ပြန်တိုက်စစ်ဖြင့် မန်စီးတီးအသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင်တာကို တွေ့ရသည်။ ယခုပွဲတွင် ချယ်လ်ဆီးဟာ တစ်ခါတရံမှသာ ဟာဇက်ရဲ့ တစ်ကိုယ်တော် တန်ပြန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ထားနိုင်ခဲ့ပြီး မိနစ် ၇၀ လောက်အထိ မန်စီးတီးအသင်းရဲ့ တစ်ချိန်လုံးဖိအားပေးခြင်းကို ခံနေခဲ့ရသည်။ သို့သော် မိနစ် ၇၀ နောက်ပိုင်းနှင့် အချိန်ပိုမိနစ်များတွင် ချယ်လ်ဆီးအသင်း ကစားပုံပိုမိုကောင်းမွန်လာခဲ့သော်လည်း ဂိုးရရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းတော့ မရှိခဲ့ပေ။

 

2

 

သာမန်ပွဲကစားချိန် မိနစ် ၁၂၀ အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းကြရာ ချယ်လ်ဆီးဂိုးသမား ကီပါဟာ မန်စီးတီးတိုက်စစ်မှူး ဆာနေးရဲ့ ပယ်နယ်တီကန်သွင်းချက်ကို ကာကွယ်ထားနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းမှ ဂျော်ဂျင်ဟို ပယ်နယ်တီကို ကန်သွင်းမှုကို မန်စီးတီးဂိုးသမား အီဒါဆင် ကာကွယ်သွားနိုင်ခဲ့ပြီး  လူးဝစ်ရဲ့ ကန်သွင်းချက်ဟာလည်း ဂိုးတိုင်ကိုထိထွက်ခဲ့ရတာကြောင့် ချယ်လ်ဆီးတို့ လေးဂိုး-သုံးဂိုးဖြင့် ကာရာဘောင်း ဖလားကို ကိုင်မြှောက်ခွင့်ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။

 

MDN

 

33