မိုင်းယောင်း ၂၄ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ကျွဲကောသီးစိုက်ခင်းများတွင် ငရုတ် ညှပ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစားကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ကျွဲကောသီး စိုက်တောင်သူများထံမှ သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒေသ၏ရာသီဥတုနှင့် ကိုက်ညီပြီး အသီးများ၍ ဈေးကောင်းရရှိသော မိုင်းယောင်း ဒေသမျိုး မိုးထောင်ငရုတ်(အစပ်)ကို ကျွဲကောသီးစိုက်ခင်းများတွင် ကြားညှပ် စိုက်ပျိုးသည့်ပြင် လယ်ကန်သင်းဘေးများတွင်လည်း စိုက်ပျိုးကြသည်။
မိုးထောင်ငရုတ် တစ်ပင်လျှင် အဆုပ်သုံးလေးဆယ်ခန့်သီးပြီး တစ်ဆုပ်လျှင် ငရုတ်သီးတောင့် ၁၅ တောင့်ခန့် သီးကြောင်း၊ တစ်ကီလို ကျပ် ၂၀ဝ၀ ထိရရှိကာ တာချီလိတ်၊ ကျိုင်းတုံဈေးကွက်များကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


